ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂါဇာမြောက်ပိုင်းမှာ ငတ်မွတ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်
ဂါဇာမြောက်ပိုင်းမှာ ငတ်မွတ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်
ရေးသားခဲ့သည်။
ဂါဇာမြောက်ပိုင်းမှာ ငတ်မွတ်မှုဘေး ကျရောက်ဖို့ တော်တော်နီးစပ်နေပြီလို့ ကုလသမဂ္ဂက သတိပေးထားပါပြီ၊ အဲဒီမှာ နေကြတဲ့ လူဦးရေရဲ့ ထက်ဝက် ဖြစ်တဲ့ လူပေါင်း ၁ သန်းလောက်ဟာ အစာရေစာ ရှားပါးမှုနဲ့ ကြုံနေရပြီလို့ ကုလသမဂ္ဂ ပြောပါတယ်။ ဥရောပ သမဂ္ဂ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ ဂျိုးဆက် ဘော်ရဲလ်က အစ္စရေးဟာ ငတ်မွတ်ခြင်းကို လက်နက်သဖွယ် အသုံးပြုလာနေတယ်လို့ စွပ်စွဲလိုက်ပါတယ်။ ဒါပေမယ့် အစ္စရေးကတော့ ဒါကို ပယ်ချပါတယ်။ ဂျေရုဆလင်က ဘီဘီစီ သတင်းထောက် အိုလာဂါရင်ရဲ့ သတင်းကို မသီဒါနွယ်က ပြောပြမှာပါ။