ဂါဇာမှာ အကူအညီတွေ ထပ်ပို့ပေးနိုင်ရေး တိုက်ပွဲတွေ ဆိုင်းငံ့ထားဖို့ နိုင်ငံတကာ တောင်းဆို

ဂါဇာမှာ အကူအညီတွေ ထပ်ပို့ပေးနိုင်ရေး တိုက်ပွဲတွေ ဆိုင်းငံ့ထားဖို့ နိုင်ငံတကာ တောင်းဆို
ရေးသားခဲ့သည်။

ဂါဇာမှာ အရေးပေါ် လိုအပ်နေတဲ့ ကယ်ဆယ်ရေးအကူအညီတွေ နောက်ထပ် ပို့ပေးနိုင်ဖို့အတွက် တိုက်ပွဲတွေ ဆိုင်းငံ့ထားပေးဖို့ နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေ တိုးလာနေသလို တရားဝင် အပစ်ရပ်စဲရေးမျိုးမဟုတ်တဲ့ ယာယီအပစ်ရပ်မှုတစ်ခု လုပ်ဖို့ကိုလည်း အမေရိကန်က အဆိုပြုထားပါတယ်။ ဒုက္ခသည်စခန်းတွေမှာ တကယ် ရှိသင့်တဲ့ အရေအတွက်ထက် ၄ ဆများတဲ့ ပါလက်စတိုင်းဒုက္ခသည် ၆ သိန်းလောက်ကို ကုလသမဂ္ဂက ကြည့်ရှုထားရပြီး အတော်များများဟာ လမ်းပေါ်မှာပဲ အိပ်ကြရတယ်လို့ ပြောပါတယ်။ မစန္ဒာဝင်းက ပြောပြမှာပါ။