မိုခါ မုန်တိုင်း ကျွဲနွား တစ်သောင်းကျော် သေဆုံး

ရေးသားခဲ့သည်။

မေလ ၁၄ရက်နေ့က တိုက်ခတ်သွားတဲ့ မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်က မြို့နယ် ၁၀ခုမှာ နေအိမ် အများအပြား ပျက်စီးသွားတဲ့အပြင် ကျွဲ၊ နွား အကောင်ရေ တစ်သောင်းကျော် သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် ဒေသခံတွေ အားထားရတဲ့ ရေကန်တွေဟာလည်း ဆားငံရေ ဝင်ရောက်မှုကြောင့် ပျက်စီးသွားခဲ့ရပါတယ်။ ရခိုင်ပြည်နယ်မှာ မုန်တိုင်းအလွန်ကာလတွေမှာ သောက်သုံးရေး ရှားပါးတဲ့ ပြဿနာအပြင် စိုးပျိုးရေးအတွက်လည်း တောင်သူတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကိုမြင့်လွင်က အခုလို သတင်းပေးပို့ထားပါတယ်။