တရုတ်နိုင်ငံခြားရေး ဝန်ကြီးနဲ့တွေ့ဆုံပြီးနောက် နိုင်ငံရေးအကျဥ်းသား ၂၀၀၀ကျော်လွှတ်ပေး

ရေးသားခဲ့သည်။

နေပြည်တော်ကို ရောက်လာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းဟာ စစ်ကောင်စီဥက္ကဋ္ဌနဲ့ တွေ့ဆုံခဲ့သလို အရင် စစ်အစိုးရခေါင်းဆောင်ဟောင်းဦးသန်းရွှေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ သူမြန်မာပြည်ကိုရောက်ပြီးနောက်တစ်ရက်မှာပဲ ပုဒ်မ ၅၀၅-က နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသား ၂ ထောင်ကျော်ကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။ ဒါ့အပြင် သေဒဏ်ချမှတ်ခံထားရသူ ၃၈ ဦးကိုလည်း ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်တွေ ဒီကနေ့မှာ လျှော့ပေါ့ပေးခဲ့ပါတယ်။ အပြည့်အစုံကို မအေးသူစံက ပြောပြပေးထားပါတယ်။