ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နေပြည်တော် သုံးရက်ဆက် ပေါက်ကွဲ
ရေးသားခဲ့သည်။
စစ်ကောင်စီ ထိပ်တန်း ခေါင်းဆောင်တွေ အခြေစိုက်တဲ့ နေပြည်တော်မှာ ဒီရက်ပိုင်းအတွင်း ပေါက်ကွဲမှု ၃ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။
ဒါ့အပြင် နေပြည်တော်ကို ပြန်လာတဲ့ အချုပ်ကားထဲက အချုပ်သားတွေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။ နေပြည်တော်နဲ့ နီးကပ်တဲ့ ဖယ်ခုံ၊ ပင်လောင်း စတဲ့ ဒေသတွေမှာ တိုက်ပွဲတွေ အပြင်းအထန် ရှိနေခဲ့တာပါ။ နေပြည်တော်က အခြေအနေတွေကို မသီရိဇော်က ပြောပြပေးမှာပါ။