ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပင်လောင်း တိုက်ပွဲ ဒေသခံ၃၀၀၀ကျော် စစ်ဘေးရှောင်နေရ
ရေးသားခဲ့သည်။
ဖေဖော်ဝါရီ ၂၄ ရက်က စပြီး ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီ ပြည်နယ် နယ်စပ် ပင်လောင်းမြို့နယ်မှာ ကရင်နီ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၃၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။
ဒီကနေ့ မတ်လ ၁ ရက်နေ့ အထိလည်း အဲဒီဒေသမှာ တိုက်ပွဲတွေ ဖြစ်နေတုန်းပဲလို့ ဒေသခံတွေက ပြောကြပါတယ်။ အဲဒီက တိုက်ပွဲတွေ အကြောင်းကို မသီရိဇော်က ပြောပြပေးမှာပါ။