လူ့အခွင့်အရေးနေ့မှ လုပ်မယ့် မြန်မာနိုင်ငံတဝန်း အသံတိတ်သပိတ်

ရေးသားခဲ့သည်။

ဒီဇင်ဘာ ၁၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံမှာတော့ အာဏာသိမ်းမှုကို လက်မခံဘဲ ကန့်ကွက်ကြသူတွေ ကို စစ်ကောင်စီက နှိမ်နင်းတာ၊ လူတွေ အသတ်ခံရတာ ဖမ်းဆီးခံရတာတွေ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတယ်လို့ ဒီဖြစ်ရပ်တွေကို စာရင်းပြုစုထားတဲ့ အဖွဲ့ အစည်းတွေ၊ ကာယကံရှင်တွေက ပြောကြပါတယ်။

လူ့အခွင့်အရေးနေ့မှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုကို ဆန့်ကျင်တဲ့ သပိတ်ကို နိုင်ငံတဝန်း ပြုလုပ်ဖို့ ရှိနေပါတယ်။

မအိမ့်ခိုင်ဦး စုစည်း ပြောပြပေးပါမယ်။