ထောင်သောင်းချီ တဲ့ စစ်ပြေး ဒုက္ခသည်တွေ နေထိုင်စားသောက်ရေး အခက်အခဲရှိ

ရေးသားခဲ့သည်။

စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ခိုက်မှုတွေကြောင့် မင်းတပ်မြို့နဲ့ အနီးဝန်းကျင်ကနေ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးကြရတဲ့ ထောင်သောင်းချီ တဲ့ စစ်ပြေး ဒုက္ခသည်တွေ နေထိုင်ရာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်စားသောက်ရေး အခက်အခဲတွေရှိနေကြပါတယ်။

တိမ်းရှောင်ရာအရပ်တွေမှာ အသက်အန္တရာယ်ပါ စိုးရိမ်နေကြရတယ်ဆိုတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် မိုးမကျခင် ကူညီထောက်ပံ့မှုတွေ လိုအပ်နေပေမဲ့ စစ်ကောင်စီဘက်က တားဆီးတာတွေရှိနေလို့ ဒုက္ခသည်တွေကို အကူအညီပေးနိုင်ဖို့ လည်း ခက်ခဲနေတယ်လို့ စခန်းတာဝန်ရှိသူက ပြောပါတယ်။

အဲဒီ အခြေအနေကို မနှင်းမိုပြောပြပေးပါမယ်။