အစိုးရဖွဲ့နိုင်တဲ့အထိ အနိုင်ရနေပြီလို့ NLD ပြော

ရေးသားခဲ့သည်။

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲ မဲရလဒ်တွေ ရေတွက်နေဆဲဖြစ်ပေမယ့် လက်ရှိ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ အစိုးရဖွဲ့နိုင်တဲ့ အရေအတွက်ထိ ကျော်လွန်ပြီး အနိုင်ရနေပြီလို့ ပြောပါတယ်။

NLD ပါတီအနေနဲ့ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်နေရာ ၃၉ဝ ကျော် အနိုင်ရနေပြီလို့လည်း ပါတီဗဟိုအောင်နိုင်ရေးအဖွဲ့ဝင်က ပြောပါတယ်။

အပြည့်အစုံကိုတော့ ဘီဘီစီသတင်းထောက် ကိုနန္ဒက ပြောပြပေးမှာပါ။