ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာအပါအဝင် အာရှဒေသတလွှား နေကြတ်တာကို လူအများစိတ်ဝင်တစားစောင့်ကြည့်
ဒီဇင်ဘာ ၂၆ရက်မှာ နေကြတ်တာကို မြန်မာနိုင်ငံကနေ တွေ့မြင်ခဲ့ရပါတယ်။ မနက် ၉နာရီ ၃၈ မိနစ်ကနေ စတင်နေကြတ်တာဖြစ်ပြီးတော့ မနက် ၁၁နာရီ ၁၇မိနစ်မှာ တော့ အမြင့်ဆုံး အချိန်ဖြစ်ခဲ့ ပါတယ်။
နေ့လယ် ၁ နာရီ ၈ မိနစ်မှာတော့ နေကြတ်တာလုံးဝပြီးဆုံးသွားပါတယ်။ ၂၀၂၀ ခုနှစ် ဇွန်လရောက်ရင် လည်း နောက်တကြိမ်နေကြတ်တာဖြစ်ပေါ်ဦးမှာဖြစ်ပြီး မြန်မာနိုင်ငံကနေလည်း မြင်တွေ့နိုင်ဦးမှာ ဖြစ်ပါ တယ်။
မီးကွင်းလို့ လူသိများတဲ့ နေကြတ်တာကို အာရှဒေသက ပြည်သူတွေအများစုက စောင့်ဆိုင်းကြည့်ရှု ခဲ့ကြပါတယ်။ မြန်မာအပါအဝင်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ အင်ဒိုနီးရှားနဲ့ ဆော်ဒီအာရေဗျ နိုင်ငံတွေကလည်း မြင်တွေ့ခဲ့ရပါတယ်။
လက ကမ္ဘာနဲ့နေရဲ့ကြားမှာ ရောက်ရှိသွားတာကို နေကြတ်တယ်လို့ ခေါ်ပြီး အဲဒီအချိန်မှာပဲ လခြမ်းကွေးပုံစံ ဖြစ်ပေါ်တာကို အများစုက စောင့်ကြည်ကြတာပါ။
ပြက္ခဒိန်နှစ် တနှစ်ကို နေနှစ်ခါကြတ်ပါတယ်။ အဲဒီလို တနှစ်ကို နှစ်ခါနေကြတ်တာက ၅နှစ်ဆက်တိုက် ဖြစ်ပေါ်တတ်ပါတယ်။ ဒါကလည်း အလွန်ရှားပါးပါတယ်။
နေကြတ်တာမှာတော့ လုံးဝကြတ်တာနဲ့ တစိတ်တပိုင်းကြတ်တာဆိုပြီးရှိပါတယ်။ အခုမြန်မာနိုင်ငံက မြင်တွေ့ခဲ့ရတဲ့ နေကြတ်မှုကတော့ တစိတ် တပိုင်းနေကြတ်တာဖြစ်ပါတယ်။
နာဆာရဲ့တွက်ချက်မှုတွေအရဆိုရင်တော့ လွန်ခဲ့တဲ့ နှစ် ၅,၀၀၀ အတွင်း ၂၅နှစ်မှာသာ နေကြတ်မှု ၅ကြိမ်သာရှိခဲ့ပါတယ်။