ချက် ဘီလီယံနာ သူဌေး တရားစွဲခံရဖို့ရှိ

ရေးသားခဲ့သည်။

ချက်ခ်သမ္မတ နိုင်ငံမှာ နောက်လ ရွေးကောက်ပွဲကျရင် ၀န်ကြီးချုပ် ဖြစ်လာဖို့ အလားအလာ ရှိသူ Andrej Babis အပေါ် တရားစွဲဆိုမှု ကင်းလွတ်ခွင့် ပေးထားတာကို ရုတ်သိမ်းဖို့ ပါလီမန်မှာ မဲပေး အတည်ပြုခဲ့ပါတယ်။

ဒါကြောင့် သူကို မသမာမှုနဲ့ တရားစွဲခံရမယ့် အခြေအနေ ဖြစ်လာနိုင်ပါတယ်။

ဘီလီယံနာ သူဌေး Andrej Babis ဟာ ဒေါ်လာ နှစ်သန်းကျော် ရှိတဲ့ ဥရောပ သမဂ္ဂ ကနေ စီးပွားရေး လုပ်ငန်းငယ်လေးတွေ အပေါ် ကူညီထောက်ပံ့ငွေကို မသမာတဲ့နည်းနဲ့ ရယူထားတယ်လို့ စွပ်စွဲ ခံနေရတာ ဖြစ်ပါတယ်။

အဲဒီငွေတွေ ရဖို့ သူပိုင် ကုမ္ပဏီကြီးကနေ ကုမ္ပဏီ ငယ်လေးတခု ခွဲထူထောင်ကာ ဒီငွေတွေ ရယူဖို့ လုပ်ဆောင်ခဲ့တယ်လို့ သံသယ ထင်ခံခဲ့ရတာ ဖြစ်ပါတယ်။

မစ္စတာ ဘားဘစ်ရှ် ကိုယ်တိုင်က ပါလီမန်မှာ မဲပေးစဉ် သူ့အပေါ် တရားစွဲဆိုမှု ကင်းလွတ်ခွင့် ဖယ်ရှားဖို့ ထောက်ခံမဲ ပေးခဲ့ပြီး သူ့နာမယ်အပေါ် ဆိုးရွားတဲ့ ပုံရိပ်တွေ မထင်ဟပ်အောင် ရှင်းပစ်ချင်တယ်လို့ ဆိုပါတယ်။