အလုပ်သမားအခွင့်အရေးချိုးဖောက်မှု စစ်ဆေးမယ့် ILO ဆုံးဖြတ်ချက် စစ်ကောင်စီ ကန့်ကွက်

ভিডিওর ক্যাপশান, အလုပ်သမားအခွင့်အရေးချိုးဖောက်မှု စစ်ဆေးမယ့် ILO ဆုံးဖြတ်ချက် စစ်ကောင်စီ ကန့်ကွက်
Published

မြန်မာနိုင်ငံတွင်းက အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ စစ်ဆေးမယ့် အပြည်ပြည်ဆိုင်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်း အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ပိုမို ဆိုးရွားလာသလို အလုပ်သမားတွေနဲ့ ပတ်သက်လို့ တိုင်ကြားမှုတွေလည်း ရပ်ဆိုင်းလုနီးပါး ဖြစ်သွားတယ်လို့ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြပြောဆိုနေကြပါတယ်။

အပြည့်အစုံကိုတော့ ဘီဘီစီ သတင်းထောက် မအိမမမွန်က စုစည်းပြောပြပေးပါမယ်။