အသက်မပြည့်သေးတဲ့ စစ်ဘေးရှောင် မိန်းကလေးတဦး သတ်ဖြတ်ခံရ

ভিডিওর ক্যাপশান, အသက်မပြည့်သေးတဲ့ စစ်ဘေးရှောင် မိန်းကလေးတဦး သတ်ဖြတ်ခံရ
Published

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်ဘက်မှာ စစ်ကောင်စီယာဉ်တန်းနဲ့ ကပ်လျက်ပါလာတဲ့ အိမ်စီးကားတစီး မိုင်းထိမှန်ခဲ့လို့ အရပ်သားတချို့ ဧပြီလ ၅ ရက်နေ့က သေဆုံးခဲ့ပါတယ်။

တခါ ဂေါ့ဂေါမြို့နယ်ဘက်မှာလည်း အသက်မပြည့်သေးတဲ့ စစ်ဘေးရှောင်မိန်းကလေးငယ်တဦးကို စစ်ကောင်စီတပ်တွေဘက်က ရိုက်နှက်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းက အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ ဘီဘီစီ သတင်းထောက် မအိမ့်ခိုင်ဦးက ပြောပြပေးမှာပါ။