အပျက်အစီးပုံတွေကြားက ဘီဘီစီ သတင်းထောက်ရဲ့ သတင်းပေးပို့ချက်
Published
ဘိုရော့ဒ်ယန်ကာ မြို့အပါအဝင် ကိဖ်မြို့တော်တဝိုက်က မြို့တွေ၊ ရွာတွေမှာ သေဆုံးသူ အရေအတွက် ဒီထပ်ပိုမို များပြားနိုင်တယ်လို့ သမ္မတ ဇလန်းစကီးက သတိပေးထားပါတယ်။
ရုရှားတပ်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ပျက်စီးသွားတဲ့ အရပ်သားတွေရဲ့ လူနေအိမ်အဆောက်အအုံ အပျက်အစီးပုံတွေအောက်မှာ လူ ရာနဲ့ချီ သေဆုံးနေနိုင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဘီဘီစီသတင်းထောက် Jeremy Bowen ရဲ့ သတင်းကို ကိုရင်မောင်က ပြန်ပြောပြမှာပါ။